Saturday, June 1, 2019

ကြန္ပ်ဴတာ Passwords ေမ့လို႔ ဖြင့္လို႕မရခဲ႕ပါက ျပန္ဖြင့္နည္း

ကြန္ပ်ဴတာ Passwords ေမ့လို႔ ဖြင့္လို႕မရခဲ႕ပါက ျပန္ဖြင့္နည္း
===============================================================
Credit နည္​းပညာ ကြန္​ပ်ဴတာ
=====================
Passwords ဖြင့္နည္း
===============

◘◘နည္းလမ္း(၁)◘◘

ကြန္ပ်ဴတာစသံုးတဲ့အခါ သို႕မဟုတ္ ၀င္းဒိုးတင္တဲ့အခါေတြမွာ Username မျဖစ္မေနေပးခဲ့ရပါတယ္။ ထိုအခါ ကြန္ပ်ဴတာမွာ Username နဲ႕ Administrator ဆိုၿပီးအေကာင့္ႏွစ္ခုျဖစ္သြားပါတယ္။ ဥပမာ Username မွာ MgMg လို႕ေပးခဲ့ရင္ MgMg နဲ႕အတူ Administratorဆိုတဲ့အေကာင့္က ပူးတြဲပါရွိလာပါတယ္။ မိတ္ေဆြက MgMg မွာ passwords ေပးထားခဲ့တယ္
ဒါေပမယ့္ ေမ့သြားၿပီဆိုလွ်င္ ကြန္ပ်ဴတာကို Restart ခ်လိုက္ပါ။ Restart ခ်လိုက္တာနဲ႕တျပိဳင္နက္ F8 ဆိုတဲ့ Key ကိုအဆက္မျပတ္ႏွိပ္ေပးထားပါ။ ႏွိပ္ပါဟုဆိုရာတြင္ ဖိထားခိုင္းျခင္းမဟုတ္ပါ။ ထိုအခါ Safe Mode ျမင္ကြင္းကိုေရာက္ရွိသြားပါမယ္။ Safe Mode ဆိုတဲ့စာသားေနရာကုိ
Arrow Key နဲ႕ေရႊ႕ၿပီး Enter ေခါက္လိုက္ပါ။

အခ်ိန္အနည္းငယ္ေတာ့ေစာင့္ရပါမယ္။ ထိုအခါ
ကြန္ပ်ဴတာသည္ Safe Mode ျမင္ကြင္းနဲ႕ပြင့္လာပါလိမ့္မယ္။၄င္းတြင္ Administrator ႏွင့္Username ( MgMg) ကိုေတြ႕ရပါမယ္။ Username ( MgMg) သည္ passwords ေမ့ေနသူရဲ႕အေကာင့္ပါ။ယခု Administrator အေကာင့္ကိုဖြင့္လိုက္ပါ၊ Safe Mode နဲ႕၀င္ထားတာျဖစ္တဲ့အတြက္ MgMg အေကာင့္ကိုေတာ့၀င္လုိ႕ရမည္မဟုတ္ပါ။ Start> Control Panel မွ User
Accounts ( icon ) ကို ကလစ္လုပ္ဖြင့္ပါ။

User Account (box) ေပၚလာပါမယ္။ ၄င္းတြင္ "or pick an account to change" လို႕ေတြ႕ရပါမယ္။ ထိုအခါMgMg ဆိုတဲ့အေကာင့္ကို ကလစ္လုပ္လို႕ရႏိုင္ပါၿပီ။ထိုအခါေနာက္ထပ္ျမင္ကြင္း
တစ္ခုေပၚလာပါမယ္။ ၄င္းတြင္ "What do you want to change about
account လို႕ေတြ႕ရပါမယ္။ ၄င္းတြင္ "Change the password" ကိုေရြးခ်ယ္ၿပီး password အသစ္တစ္ခုေပးပါ။ အရင္စဥ္းစားလို႕မရတဲ့ password ကို ပင္ပန္းခံမစဥ္းစားပါနဲ႕.။ေမ့လိုက္ပါ
အရင္ကဇာတ္လမ္းေလး…..အဲ..ေယာင္လို႕.. တကယ္လို႕ "Remove the password" ကိုေရြးရင္ ဘာpassword မွထည့္စရာမလိုေတာ့ဘဲ ကြန္ပ်ဴတာပြင့္လာပါလိမ့္မယ္။ "Type a new Password" မွာ passwords အသစ္ထည့္ေပးပါ။ မထည့္ခ်င္လဲ ဒီအတိုင္းထားပါ။
Change password ခလုပ္ကိုႏွိပ္ပါ။ ကြန္ပ်ဴတာကို ပံုမွန္အတိုင္း Restart လုပ္ပါ။ အေကာင့္မွာ password ေတာင္းရင္လဲ ပတ္ေ၀ါ့ ေပးၿပီး၀င္ႏိုင္ ပါတယ္။ မေတာင္းရင္လဲ ဒီအတိုင္းဘဲ ပြင့္သြားပါလိမ့္မယ္။

◘◘နည္းလမ္း(၂)◘◘

ကြန္ပ်ဴတာမွာ အျခားသူတစ္ဦးဦးက၀င္လို႕ရရင္ (အျခား User ရွိရင္ သူ႕အေနနဲ႕၀င္ပါ)။ပထမနည္းအတိုင္းေဆာင္ရြက္ႏိုင္ပါတယ္။

◘◘နည္းလမ္း(၃)◘◘

ယခုနည္းတြင္ ကြန္ပ်ဴတာရဲ႕ CD Drive မွာ ၀င္းဒိုးစီဒီကိုထည့္ထားပါ။ BIOS သို႕၀င္ၿပီးFirst Boot ကို CD-ROM သို႕ေျပာင္းပါ။ ကြန္ပ်ဴတာကို ျပန္ Restart လုပ္ပါ။ ကြန္ပ်ဴတာ ျပန္ပြင့္တာနဲ႕Press any Key to boot from CD ဆိုတဲ့စာသားေပၚလာတာႏွင့္ တစ္ျပိဳင္နက္ ကီးခလုပ္တစ္ခုခုကို ႏွိပ္
လိုက္ပါ။ Screen ကိုေသေသခ်ာခ်ာၾကည့္ၿပီး ေပၚလာတဲ့ ညႊန္ၾကားခ်က္မ်ား အတိုင္း ေသေသခ်ာခ်ာျပဳလုပ္ပါ။ ဥပမာ - Licensing Agreement ေပၚရင္ F8 ကီးကိုႏွိပ္တာမ်ိဳးျဖစ္ပါတယ္။ မၾကာခင္ To set up Windows
XP … To repair a Windows XP..လို႕ေပၚလာရင္ (R=Repair) ကိုေရြးခ်ယ္လိုက္ပါ။ R ကီးကိုႏွိပ္ပါ။ ဆက္ၿပီးေဆာင္ရြက္မႈမ်ားကိုၾကည့္ေနပါ။ ၀င္းဒိုးစ္ reboot တစ္ခ်က္ျပန္ျဖစ္ရင္ မည့္သည့္ကီးကိုမွ် ၀င္မႏွိပ္ပါနဲ႕။
ဆိုလိုတာက " Press any Key to boot from CD" ဆိုၿပီးျပန္ေပၚရင္ ကီးခလုပ္ကိုမႏွိပ္ပါနဲ႕။ အလိုလို install လုပ္ေနပါလိမ့္မယ္။
ျမင္ကြင္းဘယ္ဘက္ ေအာက္ေျခကို သတိျပဳၾကည့္ပါ။ အဲဒီမွာ "Installing Device" progress bar ဆိုတာေပၚရင္ "Shift+F10" ကီးမ်ားကိုႏွိပ္လိုက္ပါ။ ၄င္းသည္ အဓိကျပင္ရမယ့္ ေနရာျဖစ္ပါတယ္။Command console ပြင့္လာၿပီး အဲဒီမွာျပင္ရပါ့မယ္။ "NUSRMGR.CPL" လို႕၇ိုက္ထည့္ၿပီး Enter ကီးကိုႏွိပ္ပါ။
သင့္ရဲ႕ User Account (box) ကိုျမင္ရပါမယ္။ ၄င္းတြင္ password ကိုေျပာင္းလိုကေျပာင္း.. ဖယ္လိုက ဖယ္ထုတ္ႏိုင္ပါၿပီ။ တကယ္လို႕ password အသစ္ မေပးခ်င္ရင္ "Control user-passwords2" လို႕ရိုက္ထည့္ႏိုင္
ပါတယ္။ ျမင္ကြင္းမ်ားကို ပိတ္၊ command box ကေနထြက္ၿပီး Repair လုပ္ငန္းစဥ္ကို ဆက္လုပ္ပါ။ လုပ္ငန္းအားလံုးၿပီးရင္ ကြန္ပ်ဴတာကို သံုးႏိုင္ပါၿပီ..။

Credit
#နည္​းပညာ ကြန္​ပ်ဴတာ
==========================

ကွန်ပျူတာ Passwords မေ့လို့ ဖွင့်လို့မရခဲ့ပါက ပြန်ဖွင့်နည်း
===============================================================
Credit နည်းပညာ ကွန်ပျူတာ
=====================
Passwords ဖွင့်နည်း
===============

◘◘နည်းလမ်း(၁)◘◘

ကွန်ပျူတာစသုံးတဲ့အခါ သို့မဟုတ် ဝင်းဒိုးတင်တဲ့အခါတွေမှာ Username မဖြစ်မနေပေးခဲ့ရပါတယ်။ ထိုအခါ ကွန်ပျူတာမှာ Username နဲ့ Administrator ဆိုပြီးအကောင့်နှစ်ခုဖြစ်သွားပါတယ်။ ဥပမာ Username မှာ MgMg လို့ပေးခဲ့ရင် MgMg နဲ့အတူ Administratorဆိုတဲ့အကောင့်က ပူးတွဲပါရှိလာပါတယ်။ မိတ်ဆွေက MgMg မှာ passwords ပေးထားခဲ့တယ်
ဒါပေမယ့် မေ့သွားပြီဆိုလျှင် ကွန်ပျူတာကို Restart ချလိုက်ပါ။ Restart ချလိုက်တာနဲ့တပြိုင်နက် F8 ဆိုတဲ့ Key ကိုအဆက်မပြတ်နှိပ်ပေးထားပါ။ နှိပ်ပါဟုဆိုရာတွင် ဖိထားခိုင်းခြင်းမဟုတ်ပါ။ ထိုအခါ Safe Mode မြင်ကွင်းကိုရောက်ရှိသွားပါမယ်။ Safe Mode ဆိုတဲ့စာသားနေရာကို
Arrow Key နဲ့ရွှေ့ပြီး Enter ခေါက်လိုက်ပါ။

အချိန်အနည်းငယ်တော့စောင့်ရပါမယ်။ ထိုအခါ
ကွန်ပျူတာသည် Safe Mode မြင်ကွင်းနဲ့ပွင့်လာပါလိမ့်မယ်။၎င်းတွင် Administrator နှင့်Username ( MgMg) ကိုတွေ့ရပါမယ်။ Username ( MgMg) သည် passwords မေ့နေသူရဲ့အကောင့်ပါ။ယခု Administrator အကောင့်ကိုဖွင့်လိုက်ပါ၊ Safe Mode နဲ့ဝင်ထားတာဖြစ်တဲ့အတွက် MgMg အကောင့်ကိုတော့ဝင်လို့ရမည်မဟုတ်ပါ။ Start> Control Panel မှ User
Accounts ( icon ) ကို ကလစ်လုပ်ဖွင့်ပါ။

User Account (box) ပေါ်လာပါမယ်။ ၎င်းတွင် "or pick an account to change" လို့တွေ့ရပါမယ်။ ထိုအခါMgMg ဆိုတဲ့အကောင့်ကို ကလစ်လုပ်လို့ရနိုင်ပါပြီ။ထိုအခါနောက်ထပ်မြင်ကွင်း
တစ်ခုပေါ်လာပါမယ်။ ၎င်းတွင် "What do you want to change about
account လို့တွေ့ရပါမယ်။ ၎င်းတွင် "Change the password" ကိုရွေးချယ်ပြီး password အသစ်တစ်ခုပေးပါ။ အရင်စဉ်းစားလို့မရတဲ့ password ကို ပင်ပန်းခံမစဉ်းစားပါနဲ့.။မေ့လိုက်ပါ
အရင်ကဇာတ်လမ်းလေး…..အဲ..ယောင်လို့.. တကယ်လို့ "Remove the password" ကိုရွေးရင် ဘာpassword မှထည့်စရာမလိုတော့ဘဲ ကွန်ပျူတာပွင့်လာပါလိမ့်မယ်။ "Type a new Password" မှာ passwords အသစ်ထည့်ပေးပါ။ မထည့်ချင်လဲ ဒီအတိုင်းထားပါ။
Change password ခလုပ်ကိုနှိပ်ပါ။ ကွန်ပျူတာကို ပုံမှန်အတိုင်း Restart လုပ်ပါ။ အကောင့်မှာ password တောင်းရင်လဲ ပတ်ဝေါ့ ပေးပြီးဝင်နိုင် ပါတယ်။ မတောင်းရင်လဲ ဒီအတိုင်းဘဲ ပွင့်သွားပါလိမ့်မယ်။

◘◘နည်းလမ်း(၂)◘◘

ကွန်ပျူတာမှာ အခြားသူတစ်ဦးဦးကဝင်လို့ရရင် (အခြား User ရှိရင် သူ့အနေနဲ့ဝင်ပါ)။ပထမနည်းအတိုင်းဆောင်ရွက်နိုင်ပါတယ်။

◘◘နည်းလမ်း(၃)◘◘

ယခုနည်းတွင် ကွန်ပျူတာရဲ့ CD Drive မှာ ဝင်းဒိုးစီဒီကိုထည့်ထားပါ။ BIOS သို့ဝင်ပြီးFirst Boot ကို CD-ROM သို့ပြောင်းပါ။ ကွန်ပျူတာကို ပြန် Restart လုပ်ပါ။ ကွန်ပျူတာ ပြန်ပွင့်တာနဲ့Press any Key to boot from CD ဆိုတဲ့စာသားပေါ်လာတာနှင့် တစ်ပြိုင်နက် ကီးခလုပ်တစ်ခုခုကို နှိပ်
လိုက်ပါ။ Screen ကိုသေသေချာချာကြည့်ပြီး ပေါ်လာတဲ့ ညွှန်ကြားချက်များ အတိုင်း သေသေချာချာပြုလုပ်ပါ။ ဥပမာ - Licensing Agreement ပေါ်ရင် F8 ကီးကိုနှိပ်တာမျိုးဖြစ်ပါတယ်။ မကြာခင် To set up Windows
XP … To repair a Windows XP..လို့ပေါ်လာရင် (R=Repair) ကိုရွေးချယ်လိုက်ပါ။ R ကီးကိုနှိပ်ပါ။ ဆက်ပြီးဆောင်ရွက်မှုများကိုကြည့်နေပါ။ ဝင်းဒိုးစ် reboot တစ်ချက်ပြန်ဖြစ်ရင် မည့်သည့်ကီးကိုမျှ ဝင်မနှိပ်ပါနဲ့။
ဆိုလိုတာက " Press any Key to boot from CD" ဆိုပြီးပြန်ပေါ်ရင် ကီးခလုပ်ကိုမနှိပ်ပါနဲ့။ အလိုလို install လုပ်နေပါလိမ့်မယ်။
မြင်ကွင်းဘယ်ဘက် အောက်ခြေကို သတိပြုကြည့်ပါ။ အဲဒီမှာ "Installing Device" progress bar ဆိုတာပေါ်ရင် "Shift+F10" ကီးများကိုနှိပ်လိုက်ပါ။ ၎င်းသည် အဓိကပြင်ရမယ့် နေရာဖြစ်ပါတယ်။Command console ပွင့်လာပြီး အဲဒီမှာပြင်ရပါ့မယ်။ "NUSRMGR.CPL" လို့ရိုက်ထည့်ပြီး Enter ကီးကိုနှိပ်ပါ။
သင့်ရဲ့ User Account (box) ကိုမြင်ရပါမယ်။ ၎င်းတွင် password ကိုပြောင်းလိုကပြောင်း.. ဖယ်လိုက ဖယ်ထုတ်နိုင်ပါပြီ။ တကယ်လို့ password အသစ် မပေးချင်ရင် "Control user-passwords2" လို့ရိုက်ထည့်နိုင်
ပါတယ်။ မြင်ကွင်းများကို ပိတ်၊ command box ကနေထွက်ပြီး Repair လုပ်ငန်းစဉ်ကို ဆက်လုပ်ပါ။ လုပ်ငန်းအားလုံးပြီးရင် ကွန်ပျူတာကို သုံးနိုင်ပါပြီ..။

Credit
#နည်းပညာ ကွန်ပျူတာ
==========================

No comments:

Post a Comment