Saturday, June 1, 2019

Window 8.1 ေျပာင္းတင္ၿပီး Wifi မရတဲ႔ျပႆနာနဲ႔ ၾကံဳေနရပါသလား။

Window 8.1 ေျပာင္းတင္ၿပီး Wifi မရတဲ႔ျပႆနာနဲ႔ ၾကံဳေနရပါသလား။

ဒီျပႆနာက Wifi ခ်ိတ္ဆက္လိုက္တဲ႔အခါ “Litmited” ဒါမွမဟုတ္ “No Internet Access” ဆိုၿပီး network icon မွာ ျပတတ္ပါတယ္။ ကံေကာင္းေထာက္မစြာပဲ ဒီျပႆနာကို ေျဖရွင္းဖို႔ နည္းလမ္းက လြယ္ကူရိုးရွင္းလွပါတယ္။ Wifi card ပ်က္ေန႔လို႔မဟုတ္ပါဘူး။

Window Key + x + a ကို တြဲႏွိပ္လိုက္ပါ။ List တစ္ခုေပၚလာမွာျဖစ္ျပီး Command Prompt (Admin) ကို ေရြးျပီးကလစ္ႏွိပ္လိုက္ပါ။ အဲ႔ဒီ႔ေနာက္ အနက္ေရာင္ window ျဖစ္တဲ႔ cmd ထဲမွာ netsh int ip reset C:\resetlog.txt ဆိုၿပီး ရိုက္ထည္႔လိုက္ပါ။ Resetting က OK ျပတာနဲ႔ cmd ကိုပိတ္ၿပီး Computer ကို restart ခ်လိုက္ပါ။

ကြန္ပ်ဴတာကို reboot လုပ္ၿပီးျပန္တက္လာတဲ႔အခါ Internet ခ်ိတ္ဆက္
မႈျပဳၾကည္႔ပါ။ ခ်ိတ္ဆက္မႈ အဆင္ေျပသြားတာကို ေတြ႔ရပါလိမ္႔မယ္။ Window 8 နဲ႔ 8.1 အသံုးျပဳသူေတြ အဆင္ေျပသြားၾကဖို႔ကို
ေမွ်ာ္လင္႔လိုက္ပါတယ္။

Ref:Fixed by Vonnie

Credit - digitaltimes.com.mm

Window 8.1 ပြောင်းတင်ပြီး Wifi မရတဲ့ပြဿနာနဲ့ ကြုံနေရပါသလား။
ဒီပြဿနာက Wifi ချိတ်ဆက်လိုက်တဲ့အခါ “Litmited” ဒါမှမဟုတ် “No Internet Access” ဆိုပြီး network icon မှာ ပြတတ်ပါတယ်။ ကံကောင်းထောက်မစွာပဲ ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းက လွယ်ကူရိုးရှင်းလှပါတယ်။ Wifi card ပျက်နေ့လို့မဟုတ်ပါဘူး။

Window Key + x + a ကို တွဲနှိပ်လိုက်ပါ။ List တစ်ခုပေါ်လာမှာဖြစ်ပြီး Command Prompt (Admin) ကို ရွေးပြီးကလစ်နှိပ်လိုက်ပါ။ အဲ့ဒီ့နောက် အနက်ရောင် window ဖြစ်တဲ့ cmd ထဲမှာ netsh int ip reset C:\resetlog.txt ဆိုပြီး ရိုက်ထည့်လိုက်ပါ။ Resetting က OK ပြတာနဲ့ cmd ကိုပိတ်ပြီး Computer ကို restart ချလိုက်ပါ။

ကွန်ပျူတာကို reboot လုပ်ပြီးပြန်တက်လာတဲ့အခါ Internet ချိတ်ဆက်
မှုပြုကြည့်ပါ။ ချိတ်ဆက်မှု အဆင်ပြေသွားတာကို တွေ့ရပါလိမ့်မယ်။ Window 8 နဲ့ 8.1 အသုံးပြုသူတွေ အဆင်ပြေသွားကြဖို့ကို
မျှော်လင့်လိုက်ပါတယ်။

Ref:Fixed by Vonnie

Credit - digitaltimes.com.mm

No comments:

Post a Comment