Saturday, June 1, 2019

Windows 10, 8 အတြက္ ျမန္မာယူနီကုဒ္ သုံးစြဲဖို႔

Windows 10, 8 အတြက္ ျမန္မာယူနီကုဒ္ သုံးစြဲဖို႔
ဖုန္းမွာျဖစ္ျဖစ္ ကြန္ပ်ဴတာမွာ ျဖစ္ျဖစ္ ယူနီကုဒ္သုံးဖို႔ဆိုရင္ ေဖာင့္ ႏွင့္ ကီးလက္ကြက္ ရွိရင္သုံးလို႔ရပါၿပီ။ က်န္တာေတာ့ စာရိုက္နည္း သိရင္ျဖစ္ပါတယ္။ Windows 10, 8, 8.1 တို႔မွာဆိုရင္ ေဖာင့္ႏွင့္ကီးလက္ကြက္ ပါၿပီးသားမို႔လို႔ လက္တင္သုံးလို႔ရပါတယ္။
Myanmar Text ဆိုတဲ့ေဖာင့္
Windows တင္ကတည္းက ျမန္မာစာယူနီကုဒ္စနစ္ ပါလာၿပီး ျဖစ္ပါတယ္။ အဲဒီေဖာင့္အမည္က Myanmar Text ျဖစ္ၿပီး ျမန္မာ(ဗမာ) အပါအဝင္ ပါဠိ၊ သကၠတ ကစလို႔ မြန္၊ ရွမ္း၊ ကရင္ ႏွင့္ အျခားတိုင္းရင္းသား စာေတြပါ အေထာက္အပံ့ေပးထားပါတယ္။ ကီးလက္ကြက္ကိုေတာ့ task bar ေပၚေရာက္ေအာင္ ဖြင့္ၿပီးမွ သုံးစြဲလို႔ရမွာျဖစ္ပါတယ္။
Windows ျမန္မာလက္ကြက္
Windows မွာပါတဲ့ ကီးလက္ကြက္ကို ဖြင့္နည္း
1. Start menu > Setting > Time & Language ကိုေ႐ြးပါ။
2. ဘယ္ဘက္ေကာ္လံမွ Region & language ကိုေ႐ြးပါ။
3. Add a language ကိုႏွိပ္ပါ language အမည္ကို ရိုက္သြင္း၍ ရွာရန္ “my” သို႔မဟုတ္ “bur” ဟုရိုက္ထည့္ၾကည့္ပါက Burmese ကိုေတြ႕ျမင္ရမည္ျဖစ္ပါသည္။
4. Burmese ကိုေ႐ြး၍ Next > Install ဆက္ႏွိပ္ပါ။
System task bar ေပၚတြင္ ျမန္မာလက္ကြက္ေရာက္ရွိလာမည္ျဖစ္ပါသည္။
Windows 10 update ရၿပီးေသာစက္မ်ားတြင္ Keyboard ၂ခုပါဝင္လာၿပီျဖစ္ပါတယ္။ သေဝထိုးအရင္ရိုက္နိုင္ေသာ ( Myanmar (Visual Order) Keyboard ကို default ရရွိမည္ျဖစ္ၿပီး Option > add keyboard ကတဆင့္ Myanmar (Phonetic Order) Keyboard ကိုထပ္မံထည့္သြင္းနိုင္ပါသည္။
မည္သည့္ Word Processing, Text Editor မွာမဆို လက္ကြက္ေ႐ြး ရိုက္ႏွိပ္သုံးစြဲလို႔ရၿပီျဖစ္ပါတယ္။

လက္ကြက္ ေျပာင္းသုံးပုံ
အဂၤလိပ္ ကေန ျမန္မာ၊ ျမန္မာ ကေန အဂၤလိပ္ အျပန္အလွန္ ေျပာင္းခ်င္ရင္ေတာ့ Windows logo key + Space ၂ခုတြဲႏွိပ္ၿပီး ေျပာင္းလို႔ရပါတယ္။ ( Ctrl + Shift ကီးတြဲႏွိပ္တာနဲ႕ သေဘာ အတူတူပဲျဖစ္ပါတယ္။ )
ဒီေနရာမွာ တစ္ခု သတိထားရမွာက သုံးစြဲသူထံမွာ ေဇာ္ဂ်ီလက္ကြက္ ရွိေနခဲ့မယ္ဆိုရင္ Ctrl + Shift တစ္ခါႏွိပ္ရင္ လက္ကြက္ တစ္ခုေျပာင္းသြားတယ္ မဟုတ္လား? လက္ကြက္ ၂−ခုတည္းရွိတုန္းက အဂၤလိပ္ ႏွင့္ ေဇာ္ဂ်ီ(ျမန္မာ) က တလွည့္စီ ေျပာင္းေနမွာ ျဖစ္ေပမယ့္ ေနာက္ထပ္ ယူနီကုဒ္ လက္ကြက္တစ္ခု ထပ္ထည့္လိုက္ရင္ လက္ကြက္ ၃−ခု ျဖစ္လာၿပီျဖစ္ပါတယ္။ ဥပမာ အဂၤလိပ္ − ေဇာ္ဂ်ီ − ယူနီကုဒ္ ဆိုၿပီး ၃−ခု ရွိလာၿပီျဖစ္လို႔ ပထမ လက္ကြက္က အဂၤလိပ္ ဆိုရင္ Ctrl + Shift တခါႏွိပ္ရင္ ေဇာ္ဂ်ီ ေျပာင္းမယ္၊ ေနာက္တခါႏွိပ္ရင္ ယူနီကုဒ္ ေျပာင္းမယ္၊ ေနာက္တခါ ႏွိပ္မွ အဂၤလိပ္ ျပန္ေရာက္မွာပါ။ လက္ကြက္ ၃−ခုျဖစ္ေနတဲ့အတြက္ တခါပိုႏွိပ္ရမွာ။
လက္ကြက္အေ႐ြးမမွားရေအာင္
ေဇာ္ဂ်ီ လက္ကြက္ႀကီးနဲ႕ ယူနီကုဒ္ေဖာင့္ကို ရိုက္ႏွိပ္သုံးစြဲရင္ တလြဲေတြထြက္ေနမွာျဖစ္သလို ယူနီကုဒ္ လက္ကြက္ႀကီးနဲ႕ ေဇာ္ဂ်ီေဖာင့္ကို ေ႐ြးၿပီး ရိုက္ႏွိပ္ေနရင္လည္း တလြဲေတြ ထြက္ေနမွာ ျဖစ္ပါတယ္။ မွန္ကန္တဲ့ လက္ကြက္နဲ႕ ေဖာင့္ကို ေ႐ြးၿပီးစာရိုက္မွ မွန္မွာျဖစ္ပါတယ္။
မွတ္ခ်က္။ ။လက္ကြက္ေျပာင္းရာမွာ Win Logo + Space ကီးမသုံးခ်င္ဘူး Ctrl + Shift ကီးပဲ သုံးခ်င္တယ္ဆိုရင္လည္း Setting ျပန္ေျပာင္းေပးလို႔ရပါတယ္။

Credit

Windows 10, 8 အတွက် မြန်မာယူနီကုဒ် သုံးစွဲဖို့
ဖုန်းမှာဖြစ်ဖြစ် ကွန်ပျူတာမှာ ဖြစ်ဖြစ် ယူနီကုဒ်သုံးဖို့ဆိုရင် ဖောင့် နှင့် ကီးလက်ကွက် ရှိရင်သုံးလို့ရပါပြီ။ ကျန်တာတော့ စာရိုက်နည်း သိရင်ဖြစ်ပါတယ်။ Windows 10, 8, 8.1 တို့မှာဆိုရင် ဖောင့်နှင့်ကီးလက်ကွက် ပါပြီးသားမို့လို့ လက်တင်သုံးလို့ရပါတယ်။
Myanmar Text ဆိုတဲ့ဖောင့်
Windows တင်ကတည်းက မြန်မာစာယူနီကုဒ်စနစ် ပါလာပြီး ဖြစ်ပါတယ်။ အဲဒီဖောင့်အမည်က Myanmar Text ဖြစ်ပြီး မြန်မာ(ဗမာ) အပါအဝင် ပါဠိ၊ သက္ကတ ကစလို့ မွန်၊ ရှမ်း၊ ကရင် နှင့် အခြားတိုင်းရင်းသား စာတွေပါ အထောက်အပံ့ပေးထားပါတယ်။ ကီးလက်ကွက်ကိုတော့ task bar ပေါ်ရောက်အောင် ဖွင့်ပြီးမှ သုံးစွဲလို့ရမှာဖြစ်ပါတယ်။
Windows မြန်မာလက်ကွက်
Windows မှာပါတဲ့ ကီးလက်ကွက်ကို ဖွင့်နည်း
1. Start menu > Setting > Time & Language ကိုရွေးပါ။
2. ဘယ်ဘက်ကော်လံမှ Region & language ကိုရွေးပါ။
3. Add a language ကိုနှိပ်ပါ language အမည်ကို ရိုက်သွင်း၍ ရှာရန် “my” သို့မဟုတ် “bur” ဟုရိုက်ထည့်ကြည့်ပါက Burmese ကိုတွေ့မြင်ရမည်ဖြစ်ပါသည်။
4. Burmese ကိုရွေး၍ Next > Install ဆက်နှိပ်ပါ။
System task bar ပေါ်တွင် မြန်မာလက်ကွက်ရောက်ရှိလာမည်ဖြစ်ပါသည်။
Windows 10 update ရပြီးသောစက်များတွင် Keyboard ၂ခုပါဝင်လာပြီဖြစ်ပါတယ်။ သဝေထိုးအရင်ရိုက်နိုင်သော ( Myanmar (Visual Order) Keyboard ကို default ရရှိမည်ဖြစ်ပြီး Option > add keyboard ကတဆင့် Myanmar (Phonetic Order) Keyboard ကိုထပ်မံထည့်သွင်းနိုင်ပါသည်။
မည်သည့် Word Processing, Text Editor မှာမဆို လက်ကွက်ရွေး ရိုက်နှိပ်သုံးစွဲလို့ရပြီဖြစ်ပါတယ်။

လက်ကွက် ပြောင်းသုံးပုံ
အင်္ဂလိပ် ကနေ မြန်မာ၊ မြန်မာ ကနေ အင်္ဂလိပ် အပြန်အလှန် ပြောင်းချင်ရင်တော့ Windows logo key + Space ၂ခုတွဲနှိပ်ပြီး ပြောင်းလို့ရပါတယ်။ ( Ctrl + Shift ကီးတွဲနှိပ်တာနဲ့ သဘော အတူတူပဲဖြစ်ပါတယ်။ )
ဒီနေရာမှာ တစ်ခု သတိထားရမှာက သုံးစွဲသူထံမှာ ဇော်ဂျီလက်ကွက် ရှိနေခဲ့မယ်ဆိုရင် Ctrl + Shift တစ်ခါနှိပ်ရင် လက်ကွက် တစ်ခုပြောင်းသွားတယ် မဟုတ်လား? လက်ကွက် ၂−ခုတည်းရှိတုန်းက အင်္ဂလိပ် နှင့် ဇော်ဂျီ(မြန်မာ) က တလှည့်စီ ပြောင်းနေမှာ ဖြစ်ပေမယ့် နောက်ထပ် ယူနီကုဒ် လက်ကွက်တစ်ခု ထပ်ထည့်လိုက်ရင် လက်ကွက် ၃−ခု ဖြစ်လာပြီဖြစ်ပါတယ်။ ဥပမာ အင်္ဂလိပ် − ဇော်ဂျီ − ယူနီကုဒ် ဆိုပြီး ၃−ခု ရှိလာပြီဖြစ်လို့ ပထမ လက်ကွက်က အင်္ဂလိပ် ဆိုရင် Ctrl + Shift တခါနှိပ်ရင် ဇော်ဂျီ ပြောင်းမယ်၊ နောက်တခါနှိပ်ရင် ယူနီကုဒ် ပြောင်းမယ်၊ နောက်တခါ နှိပ်မှ အင်္ဂလိပ် ပြန်ရောက်မှာပါ။ လက်ကွက် ၃−ခုဖြစ်နေတဲ့အတွက် တခါပိုနှိပ်ရမှာ။
လက်ကွက်အရွေးမမှားရအောင်
ဇော်ဂျီ လက်ကွက်ကြီးနဲ့ ယူနီကုဒ်ဖောင့်ကို ရိုက်နှိပ်သုံးစွဲရင် တလွဲတွေထွက်နေမှာဖြစ်သလို ယူနီကုဒ် လက်ကွက်ကြီးနဲ့ ဇော်ဂျီဖောင့်ကို ရွေးပြီး ရိုက်နှိပ်နေရင်လည်း တလွဲတွေ ထွက်နေမှာ ဖြစ်ပါတယ်။ မှန်ကန်တဲ့ လက်ကွက်နဲ့ ဖောင့်ကို ရွေးပြီးစာရိုက်မှ မှန်မှာဖြစ်ပါတယ်။
မှတ်ချက်။ ။လက်ကွက်ပြောင်းရာမှာ Win Logo + Space ကီးမသုံးချင်ဘူး Ctrl + Shift ကီးပဲ သုံးချင်တယ်ဆိုရင်လည်း Setting ပြန်ပြောင်းပေးလို့ရပါတယ်။

Credit

No comments:

Post a Comment